စစ်တမ်းများ
Blue Shirt အနေဖြင့် လက်ရှိနိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် ပဋိပက္ခဖြေရှင်းရေးကိစ္စများအပေါ် နိုင်ငံသားများ၏ သဘောထားအမြင်များကို ထင်ဟပ်စေရန်နှင့် ပြည်သူ့အသံများကို စုစည်းတင်ပြနိုင်ရန် စစ်တမ်းများကောက်ယူပြီး တွေ့ရှိချက်များထုတ်ပြန်လျက်ရှိပါသည်။

ILO ပုဒ်မ ၃၃ အပေါ် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်နှင့် သုံးသပ်ချက်များကို သိရှိနိုင်ရန် ပြည်တွင်းအခြေစိုက်အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို စစ်တမ်းကောက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်နှင့် ၆ ရက်နေ့များတွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၄၄ ခုမှ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း (သို့မဟုတ်) လူမှုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူ စုစုပေါင်း ၂၅၀ ဦး ပါဝင်ဖြေဆိုခဲ့သည်။
အသေးစိတ်ဖတ်ရှုရန်
မြန်မာ့နွေဦးတော်လှန်ရေးလေးနှစ်တာကာလ။ ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင်
Blue Shirt သုတေသနအဖွဲ့ အနေဖြင့်၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက် မှ ၂၅ ရက်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ် ၂၃၇ မြို့နယ်မှ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူ နိုင်ငံသား ၃,၁၂၈ ဦးကို တွေ့ဆုံ၍ စစ်တမ်းကောက်ယူခဲ့ပါသည်။ စစ်တမ်းတွင် အဓိကအားဖြင့် လက်ရှိနွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ အကောင်းမြင်သည် သို့မဟုတ် ...
အသေးစိတ်ဖတ်ရှုရန်
စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများနှင့် ဖရိုဖရဲလူ့အဖွဲ့အစည်းအတွင်း သံဃာတော်များ၏ လောကအမြင်
ဤစစ်တမ်းတွင် နိုင်ငံ့အရေးပါဝင်ဆောင်ရွက်နေကြသူများအနေဖြင့် လက်ရှိ နိုင်ငံအတွင်းဖြစ်ပွားနေသည့် နိုင်ငံရေးအကြပ်အတည်းနှင့် ပဋိပက္ခဖြေရှင်းရာတွင် သံဃာတော်များ၏ ဦးဆောင်မှုနှင့် အားပေးကူညီမှုရယူရာတွင် အထောက်အကူဖြစ်စေမည့် လူ့အဖွဲ့အစည်းအတွင်းရင်ဆိုင်နေရသည့် ပြဿနာများ၊ ဗုဒ္ဓဘာသာနှင့် သံဃာထုများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ စသည့် အကြောင်းအရာများကို အလေးပေး လျှောက်ထားမေးမြန်းခဲ့ပါသည်။ အဓိကအားဖြင့် နည်းပညာများတိုးတက်ဖွံ့ဖြိုးလာသည့် မျက်မှောက်လူ့အဖွဲ့အစည်းနှင့် ယင်းတိုးတက်မှု၏ သက်ရောက်မှုအပေါ် ၎င်းတို့ ရှုမြင်သုံးသပ်ပုံ၊ ဒီမိုကရေစီတန်ဖိုးအပေါ်အမြင်၊ အာဏာသိမ်းမှုအလွန် ပဋိပက္ခများနှင့် လက်ရှိနိုင်ငံရေးခေါင်းဆောင်တို့အပေါ် ...
အသေးစိတ်ဖတ်ရှုရန်
လက်ရှိပဋိပက္ခအပေါ် စစ်ဘေးရှောင်လူထု၏သဘောထားအမြင်နှင့် နိုင်ငံရေးမျှော်မှန်းချက်
Blue Shirt အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာခဲ့ကြသည့် စစ်ဘေးရှောင်များ၏ လက်ရှိပဋိပက္ခအပေါ် သဘောထားအမြင်နှင့် နိုင်ငံအတွက် မျှော်မှန်းချက်များကို သိရှိနားလည်ရန် စစ်တမ်းငယ်တစ်ခုကို ဩဂုတ်လတွင် ကောက်ယူခဲ့ပါသည်။ “ ယေဘုယျအားဖြင့် စစ်ဘေးရှောင်များအကြား လက်ရှိနိုင်ငံရေး ပဋိပက္ခများနှင့်ပတ်သက်၍ အဆိုးမြင်မှုများရှိသည်ကို တွေ့ရသော်လည်း ခြုံငုံသုံးသပ်ရမည်ဆိုပါက ဒီမိုကရေစီအရေးကြိုးပမ်းမှုနှင့် ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသူများအပေါ် ယုံကြည်မှု ကြီးကြီးမားမား ရှိနေကြသည့်အပြင် နိုင်ငံ၏အနာဂတ်အပေါ် မျှော်လင့်ချက်များ ရှိနေသည်ဟု ...
အသေးစိတ်ဖတ်ရှုရန်
လက်ရှိ နိုင်ငံရေးနှင့် လက်နက်ကိုင် ပဋိပက္ခများအပေါ် နိုင်ငံသားများ၏ သဘောထားအမြင်
ဤသုတေသန စစ်တမ်းတွင် အများပြည်သူ သို့မဟုတ် နိုင်ငံသားများအနေဖြင့် လက်ရှိအခြေအနေအပေါ် မည်သို့ရှုမြင်သုံးသပ်သည်ကို အဓိကထား ဆန်းစစ်လေ့လာခဲ့ပါသည်။ အဓိကအားဖြင့် နိုင်ငံသားများကယုံကြည်လက်ခံထားသည့် စံတန်ဖိုးများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်ပတ်သက်သည့် ၎င်းတို့၏ ထင်မြင်ယူဆချက်များ၊ ပဋိပက္ခများနှင့်ပတ်သက်၍ သဘောထားအမြင်နှင့် ၎င်းတို့အနေဖြင့် လက်ရှိအနေအထားအပေါ် အကောင်းမြင်သည် သို့မဟုတ် အဆိုးမြင်သည် စသည်တို့ကို ဆန်းစစ်လေ့လာခဲ့ပါသည်။ ယေဘုယျအားဖြင့် စစ်တမ်းဖြေဆိုခဲ့သူအများစုမှာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအပေါ် အဆိုးမြင်သည်ဟုဆိုနိုင်ပြီး လူတစ်ဦးအပေါ်တစ်ဦးယုံကြည်မှုမှာ ...
အသေးစိတ်ဖတ်ရှုရန်
တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအပေါ် အာဏာသိမ်းမှုအလွန် နိုင်ငံရေးအခြေအနေ၏ သက်ရောက်မှု သုတေသန စစ်တမ်း
နိုင်ငံရေးနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် လူငယ်များ၏ ပညာရေး၊ ရှေ့အနာဂတ်နှင့် နေ့စဉ်ဘဝတို့အပေါ် သက်ရောက်မှုများ၊ လူငယ်များ၏ ဒီမိုကရေစီတန်ဖိုးဆိုင်ရာ သဘောထားအမြင်နှင့် နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်အရင်းအမြစ် ရရှိမှုတို့ကို သိရှိနိုင်ရန် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်းတွင် စစ်တမ်းငယ်တစ်ခုကို ကောက်ယူခဲ့ပါသည်။ ကျောင်းသူ/သားများ၏ လက်ရှိ ပညာသင်ယူနေမှု အခြေအနေ၊ ပျော်ရွှင်မှုအတိုင်းအတာ၊ အနာဂတ်မျှော်မှန်းချက်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့အပေါ် လက်ရှိ ...
အသေးစိတ်ဖတ်ရှုရန်