နိုင်ငံရေးအချက်အလက်များ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ တစ်စုတစ်စည်းတည်း လွယ်လင့်တကူရရှိပြီး အသုံးပြုနိုင်စေရန် သတင်းရင်းမြစ်များစွာမှ ရှာဖွေအတည်ပြုကာ စုစည်းတင်ပြလျက်ရှိပါသည်။

၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲအချိန်ဇယားနှင့် အချက်အလက်များ၊ အမှတ်စဉ် (၂)

၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အရေးပေါ်ကာလအမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖျက်သိမ်းလိုက်ပါသည်။ တစ်ပြိုင်နက်တည်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကိုဖွဲ့စည်းပြီး ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်တာဝန်အပ်နှင်းလိုက်သည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ကို “အထွေထွေရွေးကောက်ပွဲ အပိုင်း ၁”၏ ရွေးကောက်ပွဲနေ့အဖြစ်သတ်မှတ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကြေညာခဲ့သည်။ သို့သော်လည်း မဲဆန္ဒရှင်စာရင်း ပြသခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းအချိန်ကာလစသည့် လုပ်ငန်းစဉ်နှစ်ခုကိုမူ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားခြင်း မရှိသေးပေ။
အသေးစိတ်ဖတ်ရှုရန်

အာဏာသိမ်းမှုအလွန် ရွေးကောက်ပွဲအချက်အလက်များ၊ အမှတ်စဉ် (၁)

BSI သုတေသနအဖွဲ့အနေဖြင့် သက်ဆိုင်ရာ stakeholder များအတွက် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များနှင့် ဖြစ်ထွန်းမှုများကို တိတိကျကျသိရှိနိုင်စေရန် “အာဏာသိမ်းမှုအလွန် ရွေးကောက်ပွဲ အချက်အလက်များ၊ အမှတ်စဉ် (၁)” ကို ထုတ်ဝေလိုက်ရပါသည်။ ဤစာစောင်မှာ သတင်းအချက်အလက်များကို စုစည်း၍ ကောက်နုတ်ဖော်ပြခြင်းသာဖြစ်ပြီး 𝗦𝗔𝗖 က ကျင်းပရန် ပြင်ဆင်လျက်ရှိသော ရွေးကောက်ပွဲနှင့် ပတ်သက်၍ 𝗕𝗦𝗜 ၏ သဘောထားတစ်စုံတစ်ရာ ပါဝင်ခြင်းမရှိပါ။
အသေးစိတ်ဖတ်ရှုရန်