လူမှုကွန်ရက် သုတေသန အပိုင်း (၃) - ၂၀၂၄၊ ဇန်နဝါရီ မှ ဒီဇင်ဘာ
လူမှုကွန်ရက်ပေါ်ရှိ သတင်းစကားများက လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများနှင့်ပတ်သက်၍ လူအများ၏ နားလည်ရှုမြင်ပုံအပေါ်လွှမ်းမိုးမှု (ဝါ) လက်ရှိနိုင်ငံရေးပဋိပက္ခကို မည်သို့ဆန်းစစ်ပုံဖော်နေသည်ကို သိရှိနိုင်ရန်အတွက် လူမှုကွန်ရက်အသုံးပြုကြသူ နိုင်ငံရေး အက်တာများက ရေးသားကြသည့် သတင်းစကားများကို စုစည်းကာ သတင်းစကားပါ အကြောင်းအရာများကို ဆန်းစစ်လေ့လာမှုပြုလုပ်ခဲ့ပါသည်။ လူအများ၏ နိုင်ငံရေးဆိုင်ရာ သဘောထားအမြင်နှင့် လူမှုကွန်ရက်မီဒီယာ၏ သက်ရောက်မှုအကြား ဆက်စပ်မှုကို ယတိပြတ်ပြောဆိုရန် အသေးစိတ်သုတေသန လိုအပ်သော်လည်း ယေဘုယျ သက်ရောက်မှုကို တိုင်းတာရန်အတွက် လူအများကြား ရေပန်းစားလူကြိုက်အများဆုံး သို့မဟုတ် တုံ့ပြန်မှုအမြင့်ဆုံး သတင်းစကားများကို ဆန်းစစ်လေ့လာမှုက အထိရောက်ဆုံးဖြစ်သည်ဟု Blue Shirt အဖွဲ့ကယုံကြည်ပါသည်။ သို့ဖြစ်ပါ၍ ဆန်းစစ်လေ့လာရန် သတင်းစကားများကို ရွေးချယ်သတ်မှတ်ရာတွင် ယေဘုယျအားဖြင့်တုံ့ပြန်မှုအရေအတွက် အမြင့်ဆုံးမှတုံ့ပြန်မှု ၁,၀၀၀ အထိရရှိခဲ့သည့် Facebook ပိုစ့်များနှင့် ကြည့်ရှုသူအများဆုံး Telegram သတင်းစကား ၅၀ ကိုသာ ထည့်သွင်းရွေးချယ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ပထမဦးစွာ သတင်းစကားများကို ဆန်းစစ်လေ့လာရန်အတွက် မူဘောင်တစ်ခုကို သတ်မှတ်ခဲ့ပါသည်။ ယင်းမူဘောင်ကိုအသုံးပြုကာ Blue Shirt အဖွဲ့သုတေသီများက လူမှုမီဒီယာများပေါ်ရှိ သတင်းစကားများက လူ့အဖွဲ့အစည်းအတွင်း လစ်ဘရယ်နှင့် ဒီမိုကရေစီ နှုန်းစံတန်ဖိုးများ ဖွံ့ဖြိုးအားကောင်းလာခြင်း သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း အကွဲအပြဲများကို ပိုမိုကြီးထွားလာစေခြင်းတို့အပေါ် သက်ရောက်မှု စသည်တို့အပြင် လက်ရှိ နိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရန်အတွက် လူအများကို အသိပေးခြင်း၊ ဆော်ဩတိုက်တွန်းခြင်းအပါအဝင် လူမှုကွန်ရက်မီဒီယာ၏ သတင်းအချက်အလက် ဂေဟစနစ်ကို အဓိကထား ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့သည်။

Inside Social Media: လူမှုကွန်ရက် မီဒီယာ လေ့လာမှု – သတ္တမအစီရင်ခံစာ (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ)
See Detailed Report
Inside Social Media: လူမှုကွန်ရက် မီဒီယာ လေ့လာမှု – ဆဌမအစီရင်ခံစာ (၂၀၂၄ ခုနှစ် နိုဝင်ဘာလ)
See Detailed Report
Inside Social Media: လူမှုကွန်ရက် မီဒီယာ လေ့လာမှု – ပဥ္စမအစီရင်ခံစာ (၂၀၂၄ ခုနှစ် အောက်တိုဘာလ)
See Detailed Report
Inside Social Media: လူမှုကွန်ရက် မီဒီယာ လေ့လာမှု – စတုတ္ထအစီရင်ခံစာ (၂၀၂၄ ခုနှစ် စက်တင်ဘာလ)
See Detailed Report
Inside Social Media: လူမှုကွန်ရက် မီဒီယာ လေ့လာမှု – တတိယအစီရင်ခံစာ (၂၀၂၄ ခုနှစ် သြဂုတ်လ)
See Detailed Report
Inside Social Media: လူမှုကွန်ရက် မီဒီယာ လေ့လာမှု – ဒုတိယအစီရင်ခံစာ (၂၀၂၄ ခုနှစ် ဇူလိုင်လ)
See Detailed Report